ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပညာရေးဝန်ကြီး အသစ် အဖြစ် ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ပြင်းထန်စွာ ကန့်ကွက်လိုက်ပေမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာန ကတော့ ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ထောက်ပြတာကတော့
၁။ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ သဘောထားကို လစ်လျူရှုခြင်း
၂။ အရည်အချင်းနှင့် ဦးဆောင်နိုင်မှု လိုအပ်ချက်ရှိနေခြင်း
၃။ လူထုနှင့် ပညာရေးမိသားစု၏ ထောက်ခံမှု မရှိခြင်း
စတဲ့အချက်တွေကြောင့် လက်မခံနိုင်ပါကြောင်း နဲ့ ခန့်အပ်တဲ့ အမိန့်စာကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာန ကတော့ ဂျာထွယ်ပန် ဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်သူ ဖြစ်ပြီး NUG ပညာရေး ဒုဝန်ကြီးလည်း ဖြစ်ခဲ့သလို ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး အတွက် မဆုတ်မနစ် ပါဝင်နေတဲ့သူ ဖြစ်တာကြောင့် ကြိုဆိုထောက်ခံတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
