နိုင်ငံရေး

NUG ပြင်ဆင်ဖွဲ့စည်း ကြောင်း CRPH ကြေညာ၊ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အရင်အတိုင်း ရာထူးထားရှိ

ဒီဇင်ဘာ ၈ – ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NUG ပြင်ဆင်ဖွဲ့စည်းမှုမှာ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အရင်အတိုင်း ရာထူးထားရှိကြောင်း တွေ့ရပါတယ်။

ဒုတိယ သမ္မတ အဖြစ် ဒူဝါလရှီးလ နဲ့ ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း တို့ကို ဒီအတိုင်း ဆက်ထားရှိကာ ဒေါက်တာဇော်ဝေစိုး ကိုတော့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးထားပါတယ်။

အရင် ဝန်ကြီးဌာန ၁၇ နေရာ ကနေ အခုတော့ ၁၃ ဌာန အဖြစ် ပြောင်းလဲ ထားပါတယ်။

အပြည်ပြည်ဆိုင်ဆက်ဆံရေးဝန်ကြီးဌာန၊ ကူသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ အချက်အလက်နဲ့ သတင်းနည်းပညာ ဌာန နဲ့ မိခင်နဲ့ကလေးသူငယ် ဌာန တို့ကို ဖျက်သိမ်းလိုက်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနကို ဒေါ်တာဝင်းမြတ်အေးရဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန နဲ့ ပေါင်းလိုက်ပါတယ်။

ပညာရေး နဲ့ ကျန်းမာရေး ဝန်ကြီးဌာနကို အရင် ဒေါက်တာဇော်ဝေစိုး တဦးတည်းက ကိုင်ထားပေမယ့် အခု ဝန်ကြီး ၂ ဦးကို တာဝန်ခွဲပေးထားပါတယ်။

ဦးမိုးဇော်ဦး မပါတော့ဘဲ နိုင်ငံခြားရေး ဒုဝန်ကြီး ၂ ဦး အဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း နဲ့ ဒေးဗစ်ဂွမ်အောင်ကို ခန့်ထားပါတယ်။

ပြည်ထဲရေးကိုလည်း ဒုဝန်ကြီး ၂ ပါး ခန့်အပ်ထားကာ တခြား ဝန်ကြီးဌာနတွေကတော့ ဒုဝန်ကြီး တဦးစီ ဆက်လက်ထားရှိပါတယ်။

နော်စူဇန်နာလှလှစိုး နဲ့ အိသဥ္ဖာမောင်တို့ ဝန်ကြီးအဖွဲ့မှာ ပါလာတာကို မတွေ့ရပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *