နိုင်ငံရေး

NUCC ကနေ ယာယီနုတ်ထွက်မှုဟာ bottom-up ဖက်ဒရယ်စနစ် နဲ့ ဆက်စပ်နေတယ်လို့ KNPP ပြော၊ KNU နဲ့ KNPP နှစ်ဖွဲ့စလုံး NUCC မှာပါဝင်မှု ကနေ ယာယီရပ်ဆိုင်းမယ်လို့ စာတင်ထား

နိုဝင်ဘာ ၁၈ – ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ ပါဝင်မှု ကနေ ယာယီ ရပ်ဆိုင်းမယ်ဆိုပြီး NUCC ကို စာတင်ထားကြောင်း သိရပါတယ်။

KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က အခုလို ယာယီရပ်ဆိုင်း တာဟာ bottom-up (အောက်ခြေကနေ စတင်တဲ့) ဖက်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ သက်ဆိုင် နေတယ်လို့ ပြောကြားပါတယ်။

NUCC က တာဝန်ရှိသူတဦးကလည်း စာတင်ထားတာ မှန်ကန်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *