

မတ်လ ၃၀ – ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် ဦးဌေးငွေ ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဦးဌေးငွေ ကို ဒုဝန်ကြီး အဖြစ် အွန်လိုင်း အခမ်းအနား နဲ့ တာဝန်ခန့်အပ် ခဲ့တာ ဖြစ်ပါ တယ်။
ဦးဌေးငွေက CRPH ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် CRPH ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ ကြောင်း သိရပါတယ်။
—————————
