THN Public Media Blog သတင်း နိုင်ငံရေး တော်လှန်ရေးသစ္စာဖြင့် NUCC က ချာတာ အတည်ပြုခြင်း ၅ နှစ်ပြည့် ကြေညာချက်ထုတ်၊ ချာတာကို လိုက်နာဖို့ NUG CRPH နဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း
နိုင်ငံရေး ပြည်တွင်း

တော်လှန်ရေးသစ္စာဖြင့် NUCC က ချာတာ အတည်ပြုခြင်း ၅ နှစ်ပြည့် ကြေညာချက်ထုတ်၊ ချာတာကို လိုက်နာဖို့ NUG CRPH နဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း

ဧပြီ ၁ – ၂၀၂၆

နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ပါဝင် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC ကနေ အတည်ပြု ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) ၅ နှစ်ပြည့် အဖြစ် မနေ့ မတ်လ ၃၁ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ထား ပါတယ်။

ဒီကြေညာချက်မှာ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မကြာခင် အပြီးသတ် အတည်ပြုနိုင်တော့မယ်လို့ ဖေါ်ပြထားပါတယ်။

ဖက်ဒရယ် ချာတာ ကို ရေးဆွဲတုန်းက ပါဝင် ကတိပြုခဲ့ကြတဲ့ NUG CRPH NUCC အပါအဝင် အင်အားစု အသီးသီးဟာ ပဋိညာဥ်ပြဌာန်းချက်တွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ လိုက်နာကျင့်သုံးဖို့ကိုလည်း ကြေညာချက်က တိုက်တွန်းထားပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ NUG CRPH နဲ့ K3C တို့ရဲ့ စုပေါင်း ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ကောာင်စီ ကလည်း သူတို့ရဲ့ ရည်မှန်းချက်ထဲမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခု ရေးဆွဲမယ်လို့ ဖေါ်ပြထားပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version