THN Public Media Blog သတင်း နိုင်ငံရေး သံတွဲမြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးကြောင်း AA သတင်းထုတ်ပြန်
နိုင်ငံရေး

သံတွဲမြို့နယ်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးကြောင်း AA သတင်းထုတ်ပြန်

ဧပြီ ၁ – ၂၀၂၆

သံတွဲမြို့နယ်ကို စစ်တပ်ကနေ မနက် ၁၁ နာရီကျော် အချိန်မှာ ဂျက်ဖိုက်တာ (၄) စင်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး (၂) ဦး အပါအဝင် အရပ်သား (၄) ဦး မိသားတစုလုံး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး (၂) ဦး နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိ သွားတယ် လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် ပင်လယ်ပြင်မှာ တပ်စွဲထားသော စစ်သင်္ဘောတစီး ကနေလည်း လက်နက်ကြီးနဲ့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version