နိုင်ငံရေး

တူရကီမှာ ကျင်းပနေတဲ့ ၁၅၂ ကြိမ်‌မြောက် IPU ညီလာခံ CRPH တက်ရောက်

ဧပြီ ၁၈ – ၂၀၂၆ တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ (၁၅၂) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ (IPU) ညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း CRPH က ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။ ဧပြီ ၁၅ ရက်နေ့ ၁၉ ရက်နေ့ အထိ ကျင်းပနေတဲ့ ဒီညီလာခံမှာ ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ကနေ မြန်မာနိုင်ငံက အရပ်သားပုံစံ ပြောင်းထားတဲ့ အာဏာ သိမ်းစစ်တပ် အခြေအနေတွေ၊ စစ်တပ်ရဲ့ လူ့ခွင့်အရေး ချိုးဖေါက်မှုတွေ နဲ့ ဖက်ဒရယ် ဦးဆောင်ကောင်စီ ဖွဲ့စည်းထားမှု တို့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဖိုရမ်တွေ အစည်းအဝေးတွေမှာ ပါဝင် ဆွေးနွေးခဲ့ သလို၊

Read More
နိုင်ငံရေး ပြည်တွင်း

တော်လှန်ရေးသစ္စာဖြင့် NUCC က ချာတာ အတည်ပြုခြင်း ၅ နှစ်ပြည့် ကြေညာချက်ထုတ်၊ ချာတာကို လိုက်နာဖို့ NUG CRPH နဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်း

ဧပြီ ၁ – ၂၀၂၆ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ပါဝင် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC ကနေ အတည်ပြု ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) ၅ နှစ်ပြည့် အဖြစ် မနေ့ မတ်လ ၃၁ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ထား ပါတယ်။ ဒီကြေညာချက်မှာ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မကြာခင် အပြီးသတ် အတည်ပြုနိုင်တော့မယ်လို့ ဖေါ်ပြထားပါတယ်။ ဖက်ဒရယ် ချာတာ ကို ရေးဆွဲတုန်းက ပါဝင် ကတိပြုခဲ့ကြတဲ့ NUG CRPH NUCC အပါအဝင် အင်အားစု အသီးသီးဟာ ပဋိညာဥ်ပြဌာန်းချက်တွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ

Read More
နိုင်ငံရေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဖွဲ့တော့မယ်၊ NUCC အခန်းကဏ္ဍပျောက်နေ

မတ်လ ၃၀ – ၂၀၂၆ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ Steering Council for Emergence of a Federal Democracy Union SCEF ကို ဖွဲ့စည်းဖို့ NUG CRPH နဲ့ K3C တို့ ဆွေးနွေးနေ ပြီး မကြာခင် အကောင်အထည် ဖေါ်တော့မယ်လို့ သိရပါတယ်။ ဒီကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KIO KNPP KNU CNF တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်း ပါဝင်မှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက် ကတော့ တော်လှန်ရေး အောင်မြင်ဖို့

Read More
နိုင်ငံရေး

NUG ပြည်ထဲရေး ဒုဝန်ကြီး တဦး ခန့်အပ်

မတ်လ ၃၀ – ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် ဦးဌေးငွေ ကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဦးဌေးငွေ ကို ဒုဝန်ကြီး အဖြစ် အွန်လိုင်း အခမ်းအနား နဲ့ တာဝန်ခန့်အပ် ခဲ့တာ ဖြစ်ပါ တယ်။ ဦးဌေးငွေက CRPH ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် CRPH ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ ကြောင်း သိရပါတယ်။ —————————

Read More
နိုင်ငံရေး

ပြုပြင်ပြောင်းလဲလိုက်တဲ့ NUG က ဝန်ကြီးတချို့ CRPH ရှေ့မှာ ကျမ်းသစ္စာဆို

ဒီဇင်ဘာလ ၈ – ၂၀၂၅ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံရတဲ့ ဝန်ကြီး ဒုဝန်ကြီးတွေဟာ ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရှေ့ အွန်လိုင်းကနေ ကတိသစ္စာပြု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးဌာန (၁၇) နဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ NUG ဟာ (၄) နှစ်ကျော် (၅) နှစ်ထဲ ရောက်လာချိန်မှာ ကျစ်ကျစ် လစ်လစ် ဖြစ်စေဖို့ အခုလို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက် မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH ထုတ်ပြန်

အောက်တိုဘာ ၂၃ – ၂၀၂၅ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ IPU အမှုဆောင်ကောင်စီ အစည်းအဝေး ကနေ ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို IPU ရဲ့ အဓိက ဆွေးနွေးဖက် မိတ်ဖက် အဖြစ် ဆက်လက် အသိအမှတ် ပြု ဆုံးဖြတ်ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအတွက် CRPH ဟာ IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြု ဆက်လက် တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလှကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာ က သိမြင်ပြီး

Read More