THN Public Media Blog သတင်း နိုင်ငံရေး တူရကီမှာ ကျင်းပနေတဲ့ ၁၅၂ ကြိမ်‌မြောက် IPU ညီလာခံ CRPH တက်ရောက်
နိုင်ငံရေး

တူရကီမှာ ကျင်းပနေတဲ့ ၁၅၂ ကြိမ်‌မြောက် IPU ညီလာခံ CRPH တက်ရောက်

ဧပြီ ၁၈ – ၂၀၂၆

တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ (၁၅၂) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ (IPU) ညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း CRPH က ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။

ဧပြီ ၁၅ ရက်နေ့ ၁၉ ရက်နေ့ အထိ ကျင်းပနေတဲ့ ဒီညီလာခံမှာ ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ကနေ မြန်မာနိုင်ငံက အရပ်သားပုံစံ ပြောင်းထားတဲ့ အာဏာ သိမ်းစစ်တပ် အခြေအနေတွေ၊ စစ်တပ်ရဲ့ လူ့ခွင့်အရေး ချိုးဖေါက်မှုတွေ နဲ့ ဖက်ဒရယ် ဦးဆောင်ကောင်စီ ဖွဲ့စည်းထားမှု တို့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဖိုရမ်တွေ အစည်းအဝေးတွေမှာ ပါဝင် ဆွေးနွေးခဲ့ သလို၊ သက်ဆိုင်ရာ နိုင်ငံအလိုက် သီးခြား ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

မြန်မာပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီ၊ တော်လှန်ရေး အတွက် နည်းပညာ နဲ့ ငွေကြေးတိုးမြှင့် ရရှိဖို့၊ စစ်တပ်ရဲ့ အစိုးရအတု လွှတ်တော် အတုတွေကို အသိအမှတ်မပြုဖို့တို့ကိုလည်း ဆက်လက် တိုက်တွန်း သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version