သတင်း

DKBA ထိန်းချုပ်ရာ ကျောက်ခက် ကနေ ထိုင်းဘက် ထွက်ပြေးလာသူ အီသီယိုးပီးယား ၁၄ ဦးကို ထိုင်းအထူးတပ်ဖွဲ့တွေ့ရှိ

နိုဝင်ဘာ ၂၁ – ၂၀၂၅

မနေ့ နိုဝင်ဘာလ ၂၀ ညနေ ၅:၃၀ နာရီလောက် တာ့ခ်ခရိုင် ဖုပ်ဖရ မြို့နယ် ထိုင်းမြန်မာ နယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ ထိုင်းအထူးတပ်ဖွဲ့က မြန်မာဘက်ခြမ်း DKBA ထိန်းချုပ်ရာ ကျောက်ခက် ကနေ သောင်းရင်းမြစ်ကူးပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့ အီသီယိုပီးယား နိုင်ငံသား ၁၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

အမျိုးသား ၁၁ ဦး နဲ့ အမျိုးသမီး ၃ ဦး ဖြစ်ပြီး ဖုပ်ဖရ ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဥပဒေအရ ဆောင်ရွက်မှုတွေနဲ့ လူကုန် ကူးခံရသူများ အဖြစ် ခွဲခြားသတ်မှတ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

crd – The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *