အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာ-ထိုင်းနယ်စပ် အနီးရ KK park နေရာကို ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အပြီးပြတ် ရှင်းလင်း ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင် ဥက္ကဌ က ဘားအံမှာ ပြောကြားသွားပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ဘားအံ ခရီးစဥ် အတွင်း ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံ စဥ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ကရင်ပြည်နယ်ဟာ လွတ်လပ်ရေး ရပြီး ကတည်းက လက်နက်ကိုက် တိုက်ခိုက်မှုတွေကြောင့် တည်ငြိမ်မှု မရှိတဲ့ အတွက် ပြည်သူတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်အောင် လုပ်နေသူတွေဟာ ကရင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းအောင် ရှင်းလင်း ဆောင်ရွက် သွားမယ်လို့လည်း သူက ထည့်သွင်းပြောကြားသွားပါတယ်။
THN Public Media
