နိုင်ငံရေး ပြည်တွင်း

KK Park နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲချက် KNU ငြင်းဆို

အောက်တိုဘာ ၂၆ – ၂၀၂၅

KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်း အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က မြေငှားရမ်းခ နဲ့ လုံခြုံရေး စောင့်ရှောက်ခ ရယူတဲ့ အတွက် အကျိုးအမြတ် ရရှိ နေတယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်တွေဟာ စွပ်စွဲချက်တွေ ဖြစ်ပြီး KNU အနေနဲ့ ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မီဒီယာတချို့ကလည်း အလားတူ စွပ်စွဲထားချက်တွေ အပေါ် ကိုလည်း KNU က ပယ်ချလိုက်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး က KK Park နေရာကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်က ဝင်စီးပြီး အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *