War

NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထိန်းသိမ်း

ဒီဇင်ဘာ ၁၇ – ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး မင်းသားကြီး အပါအဝင် အမှတ် ၃၃ ဗျူဟာမှူး ကိုဘိ(ခ)စောဒါးကို နဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီး လက်နက်တွေကို သိမ်းယူလိုက် တယ်လို့ ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း က အတည်ပြု ပြောကြားပါတယ်။ ဒီကနေ့မနက်ပိုင်း နယ်စပ် တနေရာကနေ အပြန် KNU နယ်မြေကို အဖြတ်မှာ အခုလို ထိန်းသိမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တပ်ရင်းမှူးနဲ့

Read More
War နိုင်ငံရေး

ရေဖြူမြို့ ဌာနဆိုင်ရာတွေကို KNU နဲ့ PDF ဝင်ရောက်မီးရှို့ ခဲ့တယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်

ဒီဇင်ဘာ ၁၄ – ၂၀၂၅ တနင်္သာရီတိုင်း ရေဖြူမြို့ အနောက်ခြမ်းရှိ ဌာနဆိုင်ရာ အဆောက် အအုံတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေ၊ ဒေသခံပြည်သူ နေအိမ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မီးရှို့သွားခဲ့တယ်လို့ စစ်ကော်မရှင် က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မထိုးခင်မှာ KNU နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ရေဖြူမြို့ အနောက်ဘက်ခြမ်း မြို့မ ရဲစခန်းကို မြောက်ဘက် ကနေ ပစ်ခတ်ခဲ့ပြီး၊ တောင်ဘက်က တံတားကင်းအဖွဲ့ကိုလည်း ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။ မြို့မရဲစခန်းကနေ ပြန်လည်ပစ်ခတ် ရေဖြူမြို့ အရှေ့တောင်ဘက် လုံခြုံရေး တပ်ဖွဲ့ကလည်း

Read More
နိုင်ငံရေး

KNU က ထုတ်ပယ်လိုက်တဲ့အပေါ် KNU ကို ပြန်မေးခွန်း ထုတ်လိုတဲ့ ပဒိုရွှေမောင်း နဲ့ သီးသန့် မေးမြန်းခန်း

‘’အသုံးမတည့်လို့ ထုတ်လိုက်တာပေါ့ဗျာ….’’‘’ကျွန်တော်တို့ကို နိုင်ငံရေးသတ်လိုက်တာပေါ့…’’ ပဒိုရွှေမောင်း (KNU ဗဟိုကော်မတီဝင်ဟောင်း – တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဥက္ကဌ ဟောင်း) ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌဟောင်း စောမူတူစေးဖိုး နဲ့ တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဥက္ကဌ ဟောင်း ဗဟိုကော်မတီဝင်ဟောင်း ပဒိုရွှေမောင်း တို့ကို အဖွဲ့အစည်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖေါက် တဲ့ အတွက် KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်တဲ့ အပေါ်… ပဒိုရွှေမောင်းက KNU ကို ပြန်မေးခွန်းထုတ်လိုတယ်လို့ ပြောကြားလိုက်တာ အပါအဝင်NCA အပေါ် သဘောထား နဲ့ကရင်အမျိုးသားအရေး အတွက် ရှေ့ဆက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာ…နှစ်ပေါင်း ၅၀ ကျော် KNU

Read More
War

KNU တပ်မဟာ (၇) ဌာနချုပ် ခွင်ကို စစ်တပ်က အသေခံ ဒရုန်း (၇) စင်း နဲ့ တိုက်ခိုက်

ဒီဇင်ဘာ ၁၀ – ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇) ဌာနချုပ် ခွင်ကို စစ်တပ်ကနေ အသေခံ ဒရုန်း (၇) စင်း နဲ့ တိုက်ခိုက်ခဲ့ကြောင်း သိရ ပါတယ်။ မနက် ၃ နာရီလောက်အချိန်မှာ မဲသဝေါဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေ ဖြစ်ပြီး ဒရုန်း ၅ စင်းက ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ခိုက်မှုကြောင့် လူတဦး ထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး ဆိုင်ကယ်နဲ့ ပျက်စီးမှု တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ Photo: CJ / KIC ————————— THN Public Media

Read More
ပြည်တွင်း

KNU ဝင်စီးမိထားတဲ့ DKBA အောက်က ကျားဖျန့် လုပ်ငန်းတွေကို နှိမ်နင်းရေး နိုင်ငံတကာက အမြန် ပူးပေါင်းပါဝင်ရန် KNU တောင်းဆို

နိုဝင်ဘာ ၂၅ – ၂၀၂၅ ကရင်အမျိုးသားအစည်းအရုံး KNU ဝင်စီးမိထားတဲ့ DKBA အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ) ဒေသက နိုင်ငံတကာရာဇ၀တ်မှုနဲ့ အွန်လိုင်း ငွေလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတကာ ကနေ အလေးအနက် နဲ့ မြန်မြန်ဆန်ဆန် ပူးပေါင်း ပါဝင်ပေးဖို့ KNU က ဒီကနေ့ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ ဖြစ်စဥ်မှာ မြဝတီတောင်ဘက် ဖလူး(မင်းလက်ပံ) ဒေသမှာ KNU က DKBA ကို တိုက်ခိုက်ရှင်းလင်းရာ DKBA အနည်းဆုံး ၂၃၀ လက်နက်ချပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) လုပ်ဆောင်နေတဲ့ ခြံဝင်း တခုကို တွေ့ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ခြံဝင်း အတွင်းက ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား

Read More
နိုင်ငံရေး

KNU နဲ့ KNPP က ယာယီရပ်ဆိုင်းဖို့ စာတင်တာဖြစ်ပြီး နုတ်ထွက်တာ မဟုတ်ကြောင်းနဲ့ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း NUCC အသိပေး ထုတ်ပြန်

နိုဝင်ဘာ ၂၂ – ၂၀၂၄ KNU နဲ့ KNPP တို့ဟာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီမှာ ပါဝင်နေမှုကနေ ယာယီရပ်ဆိုင်းဖို့ စာတင်ထားတာ ဖြစ်ကြောင်း NUCC က ဒီကနေ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ယာယီနုတ်ထွက်တာ ဒါမှမဟုတ် နုတ်ထွက်သွား တာမျိုး မဟုတ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။ NUCC အနေနဲ့ KNU KNPP တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More