NLD ကိုယ်စားလှယ်ဟောင်း၊ ဖျက်သိမ်းခံ NDF ဒုဥက္ကဌ ဟောင်း ဒေါ်စန္ဒာမင်း ဟာ လသာမြို့နယ် ကနေ တသီးပုဂ္ဂလ အဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရသွားပြီလို သိရပါတယ်။
ဒေါ်စန္ဒာမင်းဟာ NLD ပါတီ မရှိတော့တဲ့ အတွက် အမျိုးသားဒီမိုကရေစီ အင်အားစု NDF (ခမေါက်ပါတီ) မှာ ဝင်ရောက်ပြီး ဒုဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး သိပ်မကြာခင်မှာဘဲ NDF ဟာ ပါတီဝင် အင်အား မပြည်မီတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကနေ NDF ပါတီကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဒီအတွက် ဒေါ်စန္ဒာမင်းဟာ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဥ်ပြိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
UEC ကနေ ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြဖို့ စားရင်တင်သွင်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ထဲက စိစစ်လက်ခံ အတည်ပြုထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို ကို ဒီကနေ့မှာ သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေးပြီ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
