ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ BNRA ဘက်က ၁၀ ဦးလောက် ကျဆုံးပြီး အဆက် အသွယ် မရတာ ၈ ယောက်ရှိကြောင်းနဲ့ ရဲဘော် အယောက် ၃၀ လောက် ဖမ်းဆီးခံထားရ ကြောင်း အမည် မဖေါ်လိုတဲ့ ပုလဲဒေသ လိုကယ် PDF ခေါင်းဆောင်တဦး က ပြောကြားပါတယ်။
NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီ ကတော့ ဗိုလ်နဂါး BNRA အဖွဲ့ကို ပြည်သူတွေရဲ့ တိုင်ကြားမှုတွေ အများအပြား ရှိကြောင်းနဲ့ မကြာသေး ခင်က BNRA လက်ချက်နဲ့ NUG MOD ရဲဘော်တဦး သေဆုံးခဲ့ကြောင်း ဒီအတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်တာလို့ သတင်းဌာနတွေကို ပြောကြားထားပါတယ်။
THN Public Media
