မတ်လ ၈ – ၂၀၂၆
ယင်းမာပင်မှာ တော်လှန်ရေး ရဲမေတဦး မုဒိမ်းမှု ကျူးလွန်ခဲ့မှု နဲ့ ဆက်စပ်ပြီး NUG လက်အောက်တပ်ရင်းတွေရဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့တွေ အပါအဝင် ၁၆ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ ဆီ လိပ်မှုထားတဲ့ ဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၅ ချက် ဖေါ်ပြထားပါတယ်။
ယင်းမာပင် ဖြစ်စဥ် အပါအဝင် ၂၀၂၅ ခုနှစ်က တခြား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တွေကိုလည်း ဖြစ်စဥ်တွေ ကိုလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
