နိုင်ငံရေး

SCEF ကနေ မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ ကွန်ရက် နုတ်ထွက်

မေလ ၂၉ – ၂၀၂၆

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ဖွဲ့စည်းရေး ကော်မတီ (ယာယီ) ကနေ မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက် MWPN နုတ်ထွက်ကြောင်းစာ ပေါက်ကြား ထွက်ပေါ်လာပါတယ်။

အဲဒီ လုပ်ငန်းကော်မတီ တွေမှာ ပါဝင်ဆောင်ရွက်ဖို့ MWPN က ကိုယ်စားလှယ် တင်သွင်း ထားတာတွေကိုလည်း ရုပ်သိမ်း လိုက်တယ်လို့ မေလ ၂၅ ရက်နေ့က တင်ပြထားတဲ့ ဒီနုတ်ထွက်စာမှာ ဖေါ်ပြထား ပါတယ်။

အချက် ၅ ချက်ပါ နုတ်ထွက်ရခြင်း အကြောင်းတွေထဲမှာ အဓိက အချက် ကတော့ အစုအဖွဲ့ ၇ ခု အကြား တန်းတူညီမျှမှု မရှိဘဲ တဖွဲ့တခုတည်းကို သီးခြား အခွင့်အရေး ပေးတဲ့ အတွက်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း MWPN အနေနဲ့ SCEF ပေါ်ပေါက်လာတာကို ထောက်ခံ ကြိုဆိုကြောင်း ဖေါ်ပြထားပါတယ်။

အနာဂါတ်မှာ အမျိုးသမီး အခန်းကဏ္ဍ ပိုမိုအားကောင်းစေရေး အတွက် အမျိုးသမီး မဏ္ဍိုင်တရပ် ပေါ်လာရေး ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *