‘’သေနတ်ဖေါက်တဲ့အတွက် ဖေါက်တဲ့အဖွဲ့က မိမိအမှားကို ဝန်ချတောင်းပန်’’
ကိုကျော်ကိုကို (SDP ဥက္ကဌ)
မကြာသေးခင်က မကွေးတိုင်းမှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ကိုစံတင်ထွန်း ကို မင်းကင်းပကဖက ပစ်ခတ်ဖမ်းဆီးခဲ့တာ နဲ့ ပတ်သက်ပြီး အခုတော့ ၂ ဘက်ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်ထား ပါတယ်။
ဖမ်းဆီးပြီးတဲ့နောက်မှာ အခုလို ပစ်ခတ်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အဖြေထုတ်ပေးဖို့ တခြား အဖွဲ့ ၁၆ ဖွဲ့ကလည်း တောင်းဆိုထားခဲ့ပါတယ်။
၁၆ ဖွဲ့ထဲက ဆိုရှယ်ဒီမိုကရက်တစ်ပါတီ SDP ခေါင်းဆောင် ကိုကျော်ကိုကို ကို ၂ ဘက် ပူးတွဲ ကြေညာချက် နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အမြင်ကို မေးမြန်း တင်ဆက် ထားပါတယ်။
THN Public Media
