War နိုင်ငံရေး

SRF ဥက္ကဌ ကို ပကဖ ဖမ်းဆီးသွားတဲ့အပေါ် PRF နဲ့ (PDO/PDA) တို့ ဆန့်ကျင်ရှုတ်ချ၊ ပြန်လွှတ်ပေးဖို့ တောင်းဆို

မေလ ၂၇ – ၂၀၂၆

ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ရဲဘော်စံတင်ထွန်း ကို မင်းကင်းပကဖ က ပစ်ခတ်ဖမ်းဆီးသွားတဲ့ အပေါ် ဆန့်ကျင်ရှုတ်ချ ကြောင်း PRF နဲ့ (PDO/PDA) အဖွဲ့တို့က မေလ ၂၆ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

SRF နဲ့ မင်းကင်း ပကဖ တို့အကြား ပဋိပက္ခကို တွေ့ဆုံဖြေရှင်းမယ်ဆိုပြီး လုံခြုံရေး အာမခံချက်ပေးကာ ရဲဘော်စံတင်ထွန်း ကို ခေါ်ယူပြီးနောက် မင်းကင်း ပကဖ က သူ့ကို ပစ်ခတ်ဖမ်းဆီး သွားခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုအတွင်း ရဲဘော်စံတင်ထွန်း ကို ဝန်းရံ လိုက်ပါသွားတဲ့ ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပူးတွဲကြေညာချက်မှာ ရဲဘော်စံတင်ထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့ နဲ့ အရင်းခံ ပြဿနာတွေကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းဖို့ တောင်းဆိုထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *