စစ်တပ်

အင်တာဗျူး

၅၈ (ဂ) နဲ့ တရားစွဲခဲ့လိုက်ရတဲ့ ပြည်သူ့ပါတီ သင်္ယန်းကျွန်း ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ဘာဆက်ဖြစ်မလဲ – မေးမြန်းခန်း

မဲဆွယ်စည်းရုံးရာမှာ ‘’တော်လှန်ရေး’’ ‘’အရေးတော်ပုံ’’ စကားလုံးတွေ ပါခဲ့ ရာကနေ တိုင်ကြားခံရမှု ရှိခဲ့ရာ နောက်ဆုံးမှာ ရဲကနေ ရွေးကောက်ပွဲ ဥပဒေ ၅၈ (ဂ) နဲ့ တရားစွဲဆို ရုံးတင် ခံလိုက်ရတဲ့ ပြည်သူ့ပါတီ သင်္ယန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့် ကို ဘာတွေ ဘယ်လို ဖြစ်ခဲ့ပြီး ဘာတွေ ဆက်ဖြစ်နိုင်မလဲ ဘာတွေ ဆက်လုပ်ဖို့ ရှိလဲ ဆိုတာ သီးသန့် မေးမြန်းတင်ဆက်ထားပါတယ်။ THN Public Media

Read More
ပြည်တွင်း

တပ်မတော်နဲ့ လက်တွဲနိုင်မယ့်သူတွေကို မဲပေးဖို့ စစ်ကော်မရှင် ဥက္ကဌ မကွေးမှာ မှာကြား

ဒီဇင်ဘာ ၂၁ – ၂၀၂၅ စစ်ကော်မရှင် ဥက္ကဌက မနေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေး တပ်နယ် မှာ စစ်သည် အရာရှိ မိသားစုတွေကို တွေ့ဆုံ စကားပြောကြားရာ၊ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့ အခါ တပ်မတော်နဲ့ စိတ်တူကိုယ်တူ လက်တွဲ ဆောင်ရွက် နိုင်မယ့် ဒို့တာဝန် အရေးသုံးပါးကို လိုက်နာ စောင့်ထိန်း နိုင်မယ့် ဥပဒေ အသိပညာ ရှိသူတွေကို မဲပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် တိုင်းပြည်နဲ့ ဒေသကောင်းကျိုးကို အမှန် တကယ် ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး လုံခြုံရေးနဲ့ ဥပဒေ စိုးမိုးရေး အမြင်ရှိသူတွေကို ရွေးချယ်မဲပေးဖို့ကိုလည်း သူက မှာကြား သွားခဲ့ ပါတယ်။

Read More