စစ်ကော်မရှင် ဥက္ကဌက မနေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေး တပ်နယ် မှာ စစ်သည် အရာရှိ မိသားစုတွေကို တွေ့ဆုံ စကားပြောကြားရာ၊ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့ အခါ တပ်မတော်နဲ့ စိတ်တူကိုယ်တူ လက်တွဲ ဆောင်ရွက် နိုင်မယ့် ဒို့တာဝန် အရေးသုံးပါးကို လိုက်နာ စောင့်ထိန်း နိုင်မယ့် ဥပဒေ အသိပညာ ရှိသူတွေကို မဲပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားသွားပါတယ်။
ဒါ့အပြင် တိုင်းပြည်နဲ့ ဒေသကောင်းကျိုးကို အမှန် တကယ် ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး လုံခြုံရေးနဲ့ ဥပဒေ စိုးမိုးရေး အမြင်ရှိသူတွေကို ရွေးချယ်မဲပေးဖို့ကိုလည်း သူက မှာကြား သွားခဲ့ ပါတယ်။
တပ်မတော်ဟာ ပါတီစုံ ဒီမိုကရေစီစနစ် ကို စနစ်တကျ ဖြစ်ပေါ် လာအောင် ဦးဆောင် ဖော်ဆောင် ပေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ စနစ် ခိုင်မာအောင် တည့်မတ် ဆောင်ရွက် ပေးနေကြောင်းနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေရတဲ့ အခြေအနေတွေကို ပြောကြားသွား ပါတယ်။
ရွေးကောက်ပွဲ ပြီးတဲ့အခါ အနိုင်ရပါတီကို နိုင်ငံတော် တာဝန် တွေ လွှဲပြောင်း ပေးအပ်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
—————————
THN Public Media
