ထိုင်းဒုဝန်ကြီးချုပ် ရှေ့အပတ် နေပြည်တော်သွားမယ်
ဧပြီ ၁၈ – ၂၀၂၆ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံစလုံးမှာ အစိုးရ အဖွဲ့သစ်တွေ ဖွဲ့စည်းပြီးစီးသွားပြီ ဖြစ်တဲ့ အတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာဖို့အတွက် ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဟာ လာမယ့် သီတင်းပတ်ထဲမှာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေတယ်လို့ Thai PBS သတင်းမှာ ဖေါ်ပြထားပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းမှာ သမ္မတ ဦးမင်းအောင်လှိုင်က ချီးမြှင့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရ အရင်သမ္မတ ဦးဝင်းမြင့် ကို ပြန်လွှတ်ပေးပြီး နိုင်ငံတော် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ ပေးလိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပါ။ ဒါ့အပြင် အကျဉ်းသား
