မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အောင်ဇမ္ဗူ ဇာတ်အဖွဲ့ လာရောက်တောင်းပန်
မတ် ၅ – ၂၀၂၆ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အဖွဲ့ကို မင်းသား အောင်ဇမ္ဗူအပါအဝင် ဇာတ်သဘင် အဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ညနေ ၄ နာရီ ကျော်လောက်မှာ လာရောက် တောင်းပန် သွားတယ်လို့ သိရပါတယ်။ “တောင်းပန်သွားတာကတော့ ဦးမြတ်သူဝင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာရယ်၊ အသင်းအဖွဲ့ပေါ် တိုက်ခိုက်တာရယ်၊ မသန်စွမ်းသူတွေ အပေါ်မှာ သူ့ပရိသတ်တွေ စော်ကားတာရယ်၊ အဲဒါတွေ အကုန်လုံးကို အားလုံး ကိုယ်စား သူတောင်းပန်တယ်ဆိုပြီး မင်းသား အောင်ဇမ္ဗူက ပြောသွားပါတယ်။ သေသေချာချာတော့ သူ တောင်းပန်သွားပါတယ်” လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့
