ဆွေးနွေးဖို့ မရည်ရွယ်ထားဘူးလို့ အီရန်ပြော၊ အမေရိကန်ကတော့ စစ်ပွဲရည်မှန်းချက်တွေ ပြည့်မီတော့မယ်လို့ အခိုင်အမာဆို
မတ်လ ၂၆ – ၂၀၂၆ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က နိုင်ငံပိုင်ရုပ်သံ သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်ဟာ အခုရက်ပိုင်းအတွင်း ကြားခံနိုင်ငံ အသီးသီးက တဆင့် သတင်းစကားမျိုးစုံ ပေးပို့နေတယ် လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီသတင်းစကားတွေကို မိတ်ဆွေနိုင်ငံတွေက တဆင့် ပေးပို့လာတာ ဖြစ်ပြီး၊ အီရန်ဘက် ကလည်း သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ သတိပေးချက်တွေကိုပဲ ပြန်လည် အကြောင်း ပြန်နေတာဖြစ်လို့ ဒါဟာ “ဆွေးနွေးပွဲလည်းမဟုတ်သလို၊ ညှိနှိုင်းမှုလည်းမဟုတ်ဘူး၊ အဲဒီလိုမျိုး ဘာတခုမှ မဟုတ်ဘူး” လို့ ပြောပါတယ်။ မစ္စတာ Abbas Araghchi က အီရန်ရဲ့ လက်ရှိ မူဝါဒဟာ ဆက်လက်ခုခံကာကွယ်ဖို့ ပဲဖြစ်ပြီး လောလောဆယ် ဆွေးနွေးဖို့ ဘာအစီအစဉ်မှမရှိဘူး လို့လည်း
