စစ်ကော်မရှင် ဒီဇင်ဘာ ရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည်သူ စေလွှတ်ဖို့ မရှိကြောင်း သတင်းရင်းမြစ်တွေပြော၊ တနိုင်ငံချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိ
အောက်တိုဘာ ၂၇ – ၂၀၂၅ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ အနေနဲ့ မြန်မာ စစ်ကော်မရှင် က ဒီဇင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ကြောင်း သံတမန် သတင်းရင်း မြစ်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောကြားရာတွင် “ဒါက ဘာကို ဆိုလို သလဲဆိုတော့ အာဆီယံအဖွဲ့ အနေနဲ့ စောင့်ကြည့်သူတွေ မရှိဘူး၊ ဒါပေမဲ့ အာဆီယံနိုင်ငံတွေ ကတော့ နှစ်နိုင်ငံ အလိုက် စောင့်ကြည့်သူတွေ စေလွှတ်ဖို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်” လို့ ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ နောက်ထပ် အမည်မဖေါ်လိုတဲ့ လက်ထောက် သံတမန်တဦး ကလည်း အာဆီယံရဲ့ အဖွဲ့အစည်း နာမည်ကို
