အိန္ဒိယမှာ ရထားနဲ့ ဆင်အုပ် တိုက်မိလို့ ဆင် ၇ ကောင် သေဆုံး
ဒီဇင်ဘာ ၂၁ – ၂၀၂၅ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် ဟိုဂျိုင်း ခရိုင် မှာ မနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ အစောပိုင်းက ဒေလီမြို့သို့ ဦးတည် မောင်းနှင် လာတဲ့ ရထားနဲ့ ဆင်အုပ် တိုက်မိရာ ဆင် ၇ ကောင် သေဆုံး သွားခဲ့ ပါတယ်။ ဆင် ၁ ကောင်ကတော့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိက အတည်ပြု ပြောကြားပါတယ်။ ရထားမောင်းသူဟာ ဆင်အုပ်ကို မြင်လိုက်ချိန်မှာ အရေးပေါ် ဘရိတ် အုပ်ခဲ့ပေမယ့်လည်း ဆင်တွေဟာ ရထားဆီ ပြေးဝင်လာခဲ့တာ ဖြစ်တယ် လို့ ရထားပို့ဆောင်ရေး ကုမ္ပဏီက ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၂ နာရီ ၁၇
