အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် ဟိုဂျိုင်း ခရိုင် မှာ မနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ အစောပိုင်းက ဒေလီမြို့သို့ ဦးတည် မောင်းနှင် လာတဲ့ ရထားနဲ့ ဆင်အုပ် တိုက်မိရာ ဆင် ၇ ကောင် သေဆုံး သွားခဲ့ ပါတယ်။
ဆင် ၁ ကောင်ကတော့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိက အတည်ပြု ပြောကြားပါတယ်။
ရထားမောင်းသူဟာ ဆင်အုပ်ကို မြင်လိုက်ချိန်မှာ အရေးပေါ် ဘရိတ် အုပ်ခဲ့ပေမယ့်လည်း ဆင်တွေဟာ ရထားဆီ ပြေးဝင်လာခဲ့တာ ဖြစ်တယ် လို့ ရထားပို့ဆောင်ရေး ကုမ္ပဏီက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီ ၁၇ မိနစ် မှာ တိုက်မိတာ ဖြစ်ပြီး ရထားစက်ခေါင်း နဲ့ တွဲ ၅ တွဲ လမ်းချော်သွားခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပါ။
အဲဒီနေရာဟာ ဆင်တွေ ဖြတ်သန်းဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်း မဟုတ်ဘူးလို့လည်း သိရပါတယ်။
အခုလို ဆင်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ ရထားလမ်းပိုင်း ရထား ခရီးစဉ်တွေကို တခြားလမ်းကြောင်းကနေ လွှဲပြောင်း မောင်းနှင် စေကာ လမ်းပိုင်း ပြန်လည် ပြုပြင်ရေးကို ဆောင်ရွက်ခဲ့ရပါတယ်။
—————————
THN Public Media
