Heat Stroke

ပြည်တွင်း

အငှားယာဥ်မောင်း အဆိုတော် ဦးပက်ထရစ် ဆီတန်းစီရင်း ကားပေါ်မှာ သေဆုံး

မတ်လ ၂၆ – ၂၀၂၆ ရန်ကုန် ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက်ပိုင်းက အငှားယာဥ်မောင်းဖြစ်သူ အဆိုတော် ဦးပက်ထရစ် (ခ) ဦးတင်ထွန်း ဟာ Heat Stroke အပူရှပ်ပြီး ကားပေါ်မှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်သာသနာ့ ရိပ်သာလမ်းထိပ်ရှိ စက်သုံးဆီတန်းစီနေတဲ့ ကားတွေ အကြားကို အငှားယာဥ်မောင်း ဦးတင်ထွန်းက ကားထိုး ရပ်ပြီးနောက် သတိလစ်ကာ ကားပေါ်မှာပဲ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ “သူ့ကားက အခုမှ စစ်ဆေးတွေ့ရှိချက်အရ ဂက်စ်ကားပါ။ ဆီတန်းစီတဲ့ကားတွေကြားထဲ ရောက်နေတော့ ဆီတန်းစီရင် ဖြစ်တဲ့ပုံဖြစ်သွားတာပေါ့။

Read More