INNWAGONEYI

ပြည်တွင်း

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်

နိုဝင်ဘာ ၂၂ – ၂၀၂၅ အမျိုးသားစာပေဆု၊ တသက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဆု ရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ် ဟာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က Grand Mandalay ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ မန္တလေး စာပေအသိုင်းအဝိုင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးဆုံးရှူံးရတာဖြစ်ကြောင်း ဆရာကြီးကောင်းရာဘုံရောက်ရှိမယ် ယုံကြည်ကြောင်း ရေးသားထားကြပါတယ်။ “ဆရာကြီး ကွယ်လွန်တာ မြန်မာစာလောကအတွက် ဆုံရှုံးမှုတစ်ခုပါ။မန္တလေးစာပေလောကအတွက် ဆုံးရှုံးမှုပါ။ဆရာ့ရဲ့ စာ၊ကဗျာနဲ့ပတ်သက်တဲ့ အသိအမြင်အတွေးအခေါ်တွေ မကြားရ၊ မဖတ်ရတော့။ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ ကဗျာဆရာ မောင်ရဲနွေ(ပလိပ်) က ပြောပါတယ်။ ဆရာ ဦးကိုလေးရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို၂၃.၁၁.၂၀၂၅(တင်္နလာ)နေ့လည်(၁)နာရီ တံတားဦး သုဿန်မှာ

Read More