ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော
အောက်တိုဘာ ၁ – ၂၀၂၅ ဟာမတ်စ် ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ်ဟာ “အစ္စရေးရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုပြီး” “ပါလက်စတိုင်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်” လို့ ပြောကြားကာ ဟားမတ်စ် အနေနဲ့ ဒီ အစီအစဥ်ကို ပယ်ချဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အစီအစဥ်ထဲက အဓိက အချက်တချက်ဖြစ်တဲ့ လက်နက်ချခြင်းနဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်ခြင်း ကို ဟားမတ်စ် တို့က သဘောတူ မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ ဟားမတ်စ်က ဂါဇာမှာ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ဖြန့်ကျက် ချထားမှာကိုလည်း ကန့်ကွက်ကြောင်း သိရပြီး၊ ဒါဟာ ဂါဇာကို သိမ်းပိုက်တဲ့ ပုံစံသစ် အဖြစ် ဟားမတ်စ်တို့က ရှုမြင်ပါတယ်။အစ္စရေးဝန်ကြီးချုပ်