ဘုံတိုရွာဖြစ်စဥ် နဲ့ ပတ်သက်ပြီး PDF က လူထုကို လူသားဒိုင်း အဖြစ် အသုံးချတာလို့ စစ်ကော်မရှင် စွပ်စွဲ
အောက်တိုဘာ ၉ – ၂၀၂၅ အောက်တိုဘာ ၆ ရက်နေ့ ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီးမီးသပိတ်ကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က ဒါဟာ PDF တွေကနေ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်ရာမှာ ပြည်သူလူထုကို လူသားဒိုင်း အဖြစ် အသုံးချ ခဲ့တာလို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။ စစ်တပ်ကနေ အပစ်မဲ့အရပ်သား ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် (Counter – Terrorism Operation) အဖြစ် ရွေးချယ် တိုက်ခိုက်တာလို့ ဖေါ်ပြထားပါတယ်။