MYANMAR

ပြည်တွင်း သတင်း

နတ်မောက်မှာ မိသားစု ၆ ဦး ရေစီးနဲ့ မျောပါသေဆုံး၊ နှစ် ၆၀ အတွင်း ဆိုးရွားဆုံးရေကြီးမှုဖြစ်ပွား

စက်တင်ဘာ ၂၈ – ၂၀၂၅ မကွေးတိုင်းနတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့ အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေပြီး နေအိမ်ချို့ ရေစီးနဲ့ မျောပါကာ မိသားစုလိုက် ခြောက်ယောက်စလုံး သေဆုံးတဲ့အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နတ်မောက်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် လေးအိမ်ရွာ ၊ မယ်ဇလီပင်ရွာ စတဲ့ နတ်မောက် ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းနေရာတွေ အားလုံးမှာ ရေကြီးနေမြုပ်မှု ဖြစ်ပွားနေတာဖြစ်ပြီး မိသားစုလိုက် သေဆုံးမှုကတော့ မယ်ဇလီပင်ရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မယ်ဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့တာကြောင့် ဆည်ရေတွေစီးဆင်းပြီး ဒီနေ့စ က်တင်ဘာ ၂၈ ရက်နေ့မနက်အစော ၂ နာရီကျော်လောက်မှာ မယ်ဇလီပင်ချောင်းဘေးရှိ နေအိမ်နှစ်လုံး ရေထဲမျောပါကာ မိသားစု ခြောက်ယောက်စလုံး ရေနစ်မြုပ်

Read More