မြန်မာစစ်ကော်မရှင် ဥက္ကဌ ထိပ်သီးအစည်းအဝေး တက်ရောက်မှာ မဟုတ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အတည်ပြု
အောက်တိုဘာ ၂၃ – ၂၀၂၅ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကော်မရှင် ဥက္ကဌ တက်ရောက်မှာ မဟုတ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဌ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က အတည်ပြု ပြောကြား လိုက်ပါတယ်။ ထိပ်သီး အစည်းအဝေး တက်ရောက်မယ့် အာဆီယံ ခေါင်းဆောင်တွေ ဆက်စပ် အစည်းအဝေးတွေ အတွက် ကမ္ဘာ့ကိုယ်စားလှယ်တွေ နဲ့ အစည်းအဝေး အစီအစဥ်တွေ အကြောင်း ကို လွှတ်တော် အစည်းအဝေး မေးမြန်းခန်း မှာ မစ္စတာ အန်နဝါ က ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အခုကျင်းပမယ့် ထိပ်သီး အစည်းအဝေး ဟာ ထူးခြားပြီး သမိုင်းဝင် အခမ်းအနား တခု
