Myawadi

နိုင်ငံရေး ပြည်တွင်း

မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီး ဒီကနေ့ ပြန်ဖွင့်

ဧပြီ ၂ – ၂၀၂၆ ၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့ မနက်ပိုင်းကစပြီး ပြန်လည် ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီး ခရီးသည်တင် ကားတွေကို ဖြတ်သန်းသွား လာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့် မပြုသေးဘူးလို့ သိရပါတယ်။ ဒီကနေ့မနက် အာရှလမ်းမကြီး ကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံး အေးအေးဆေးဆေး ပါပဲ။ ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေ ကြတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မနက်ဖြန် ပြန်ဖွင့်မယ်

ဧပြီ ၁ – ၂၀၂၆ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြဝတီ – ကော့ကရိတ် အာရှလမ်းဖွင့်ပွဲကို မနက်ဖြန် မနက် ၈ နာရီမှာ ဘားအံမြို့နယ် ၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ – ကော့ကရိတ် လမ်းမပေါ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ အမိန့်ညွှန်ကြားစာအရ သိရပါတယ်။ ” လိုင်းပေါ်မှာစာထွက်နေတာတော့တွေ့တယ်။ အခြေအနေ ကတော့ မနက်ဖြန်မှပဲ သေချာသိရမှာ။ တကယ်ဆိုဖွင့်ပွဲက မြဝတီမှာ လုပ်ရမှာကို အခုက လွန်းညရေပြာအိုင်ဘက်မှာ လုပ်မယ်ဆိုတော့

Read More