နိုင်ငံတကာ နိုင်ငံရေး

ဟော်မုဇ်က ရေနံတွေ ကိုယ့်ဘာသာသွားယူကြ လို့ ထရမ့်က ယူကေ နဲ့ တခြားနိုင်ငံတွေကို ပြောဆို

မတ်လ ၃၁ – ၂၀၂၆ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယူကေ အပါအဝင် တခြားနိုင်ငံတွေကို ဟော်မုဇ်ရေလက်ကြား က ရေနံကို ကိုယ့်ဘာသာကိုယ် သွားယူကြ ဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ အုပ်ချုပ်ရေးယန္တရားကို တိုက်ခိုက်ဖြိုချရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ နိုင်ငံတွေ ကို ရည်ညွှန်းပြီး “ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် ဘယ်လို တိုက်ရလဲဆိုတာ စပြီး သင်ရတော့မယ်၊ ခင်ဗျားတို့ ကျွန်တော်တို့ ဘက်မှာ မရှိခဲ့သလို အမေရိကန် ကလည်း ခင်ဗျားတို့ကို ကူညီဖို့ ရှိနေမှာ မဟုတ်တော့ဘူး” လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ “လာမယ့်ရက်တွေဟာ

Read More
နိုင်ငံတကာ နိုင်ငံရေး

လေကြောင်းတိုက်ခိုက်မှု ရပ်စဲပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဖေဖေါ်ဝါရီ ၁ – ၂၀၂၆ ဒီကနေ့ စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အပြောင်းအလဲ တရပ် ဖြစ်ပေါ်လာစေဖို့ အတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ – တိုက်တွန်းတောင်းဆိုချက် အပြည့်အစုံ ———————————— “စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားများဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ “စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုဖျက်ဆီးခဲ့ပါတယ်။ “အကျပ်အတည်းများကြားမှာပင် မြန်မာပြည်သူပြည်သားများအတွက် တည်ငြိမ်သော အနာဂတ်တစ်ရပ်ကို ကူညီထောက်ပံ့ရန်

Read More
နိုင်ငံတကာ

အင်္ဂလန်မှာ တုပ်ကွေး flu ကြောင့် ဆေးရုံတက် ကုသမှု မြင့်မားခဲ့ပြီး အနည်းငယ် ပြန်ကျဆင်း၊ ဆေးရုံတွေမှာ သတိထားရမယ့်အဆင့် ဆက်လက် သတ်မှတ်

ဒီဇင်ဘာ ၁၉ – ၂၀၂၅ အင်္ဂလန်နဲ့ ယူကေ ဒေသအသီးသီးမှာ ရာသီတုပ်ကွေး Flu ကြောင့် ဆေးရုံတက် ကုသရတဲ့ အခြေအနေဟာ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ မြင့်တက်ခဲ့ပြီး အခု သီတင်းပတ်မှာတော့ အနည်းကျဆင်းလာတယ်လို့ ဒေတာတွေ အရ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ကတော့ အင်္ဂလန် ဆေးရုံတွေမှာ တုပ်ကွေးကြောင့် တက်ရောက်ကုသရသူ လူနာအရေအတွက်ဟာ ပျမ်းမျှ ၃၁၄၀ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ခုနစ်ရက်အတွင်း ၁၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီမတိုင်ခင် သီတင်းပတ်ကတော့ ၅၅ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်ခဲ့တာကြောင့် နှိုင်းယှဉ်မှုအရ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အချို့ဒေသတွေဟာ စိတ်သက်သာရာ စတင်ရနေပြီ ဖြစ်ပေမယ့်

Read More
နိုင်ငံတကာ

သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်

စက်တင်ဘာ ၁၇ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံတော်အဆင့် ယူကေ ခရီးစဉ် ပထမ နေ့မှာ ချားလ်စ် ဘုရင် နဲ့ ဘုရင့်မိသားစု ကနေ ဝင်ဆာမြို့မှာ ခမ်းနားထည်ဝါစွာ ကြိုဆို ဧည့်ခံခဲ့ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် မယ်လနီယာ ထရမ့်တို့ ကို လှပတဲ့ ဝင်ဆာရဲတိုက် ဝင်းအတွင်း အလှဆင်ထားတဲ့ မြင်းရထား နဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတထရမ့်ဟာ ချားလ်စ်ဘုရင်နဲ့ အတူ ရဲတိုက်ဝင်း အတွင်း မြက်ခင်းပြင်ပေါ်ရှိ စစ်သည်တွေကို စစ်ဆေးခဲ့ကြ ပါတယ်။ ဘုရင်နဲ့ သမ္မတထရမ့်တို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေစဉ်မှာ တရားဝင် လက်ဆောင်တွေ ဖလှယ်ကြတဲ့ ရင်းနှီး ဖော်ရွေတဲ့

Read More
နိုင်ငံတကာ

သမိုင်းတွင်မယ့် ဒုတိယအကြိမ် နိုင်ငံတော်ခရီးစဉ်၊ ထရမ့်နဲ့ မယ်လနီယာ ယူကေကို ရောက်ပြီ

သမိုင်းတွင်မယ့် ဒုတိယအကြိမ် နိုင်ငံတော်ခရီးစဉ်၊ ထရမ့်နဲ့ မယ်လနီယာ ယူကေကို ရောက်ပြီစက်တင်ဘာ ၁၆ – ၂၀၂၅အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒုတိယအကြိမ်မြောက် သမိုင်းဝင် နိုင်ငံတော်ခရီးစဉ် အဖြစ် ယူကေ ကို Air Force One လေယာဥ်ကြီးနဲ့ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။သမ္မတနဲ့ သမ္မတ ကတော် မယ်လနီယာ ဟာ လန်ဒန်မြို့လယ် နဲ့ မိုင် ၄၀ ကျော် ဝေးတဲ့ Stansted လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီး Yvette Cooper လေဆိပ် လမ်းမပေါ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက် ယူကေကို တင်ကြိုပို့ဆောင်ထားပြီ ဖြစ်တဲ့ Air Force One အနီးမှာ ရပ်ထားတဲ့ အမေရိကန် စစ်ရဟတ်ယာဥ်

Read More