UKARINE

နိုင်ငံတကာ

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ “ကြီးမားတဲ့ တိုးတက်မှု” ရှိကြောင်း အမေရိကန် ချီးကျူး

နိုဝင်ဘာ ၂၄ – ၂၀၂၅ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြီးသတ် ဆွေးနွေးရာမှာ “ကြီးမားတဲ့ တိုးတက်မှုများစွာ” ရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဆွေးနွေးနေတာ ဖြစ်ပြီး ယူကရိန်း အပါအဝင် ဥရောပ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီးနောက် ရူဘီယိုက “လုပ်ဆောင် ရမယ့် အလုပ်တွေ ကျန်ရှိနေသေးတယ်” လို့ ဆိုပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ “ကျွန်ုပ်တို့ပြောတာကို နားထောင်ကြောင်း အရိပ် အယောင်တွေ တွေ့ရတယ်” လို့ ပြောပါတယ်။ အရင်ကတော့

Read More
နိုင်ငံတကာ

ထရမ့်က ယူကရိန်းကို ကျေးဇူးမသိတတ်ဟုဆို၊ ငြိမ်းချမ်းရေး အဆိုပြုချက် လက်ခံရန် ကိယက်ဗ်ကို ဖျောင်းဖြ

နိုဝင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ရဲ့ ကြိုးပမ်းမှုတွေ အပေါ် ယူကရိန်း ခေါင်းဆောင်တွေက “ကျေးဇူးတင်ကြောင်း လုံးဝ ပြသခြင်းမရှိ” ဘူးလို့ ပြောကြားလိုက်ပါတယ်။ Truth Social လူမှုကွန်ရက်မှာ ထရမ့်က “ယူကရိန်း ခေါင်းဆောင်မှု က ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်း လုံးဝမပြသခဲ့ဘဲ၊ ဥရောပ ကလည်း ရုရှားဆီက ရေနံ ဆက်လက်ဝယ်ယူနေသည်” လို့ ရေးသားခဲ့ပါတယ်။ ထရမ့်က ဆက်ပြီး “ဘယ်တော့မှ မဖြစ်သင့်တဲ့ စစ်ပွဲတခု၊ လူတိုင်းအတွက် ဆုံးရှုံးမှု ဖြစ်တဲ့ စစ်ပွဲတခု၊ အထူးသဖြင့် မလိုအပ်ဘဲ သေဆုံးခဲ့ရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ အတွက်

Read More
War နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်စဲရေး အချက် ၂၈ ချက်ပါ ထရမ့် ငြိမ်းချမ်းရေး အစီအစဥ်ကို ပူတင် ထောက်ခံ၊ ယူကရိန်း လက်ခံဖို့ ထရမ့်က နောက်ဆုံး ရက်သတ်မှတ်၊ ဇလန်စကီးက အမေရိကန်ကို မိတ်ဖက်အဖြစ်က ဆုံးရှုံးနိုင် ကြောင်းပြော

နိုဝင်ဘာ ၂၂ – ၂၀၂၅ ယူကရိန်းစစ်ပွဲ ရပ်စဲရေး အချက် ၂၈ ချက်ပါ အမေရိကန် သမ္မတ ထရမ့် ရဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကို ရုရှား သမ္မတပူတင် က ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ “အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် အခြေခံအုတ်မြစ်” ဖြစ်လာနိုင်တယ်လို့ ပူတင်က ပြောပါတယ်။ ဒီ ၂၈ ချက် ငြိမ်းချမ်းရေး အစီအစဥ် ထဲမှာ ယူကရိန်းတပ်မတော် အင်အားကို စစ်သည် ၆၀၀၀၀၀ (ခြောက်သိန်း) အထိ ကန့်သတ်ဖို့၊ Crimea, Luhansk နဲ့ Donetsk ဒေသတွေကို အမေရိကန်အပါအဝင် ရုရှားပိုင်နက် အဖြစ် de facto အနေနဲ့ အသိအမှတ်ပြုဖို့၊ ယူကရိန်းကို

Read More
နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှု ယူကရိန်းမှာ ကလေးတွေ အပါအဝင် ၂၆ ဦး သေဆုံး

နိုဝင်ဘာ ၂၀ – ၂၀၂၅ ယူကရိန်း အနောက်ဘက်ပိုင်းကို ရုရှားတို့ကနေ မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဒရုန်းနဲ့ ဒုံးကျည် တို့နဲ့ တိုက်ခိုက်မှုကြောင့် Ternopil မြို့က အဆောက်အအုံ နှစ်ခုကို ထိမှန်ခဲ့ရာ ကလေးသူငယ် ၃ ဦး အပါအဝင် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရ ယူကရိန်း အရာရှိတွေက ပြောပါတယ်။ တခြား ၇၃ ဦး ဒဏ်ရာ ရရှိခဲ့ရာ အဲဒီအထဲက ၁၅ ဦး က ကလေးသူငယ် တွေ ဖြစ်တယ်လို့ ပြောပါတယ်။ အခြားအနောက်ပိုင်း ဒေသနှစ်ခုဖြစ်တဲ့ Lviv နဲ့ Ivano-Frankivsk တို့လည်း ထိမှန်ခဲ့ပြီး မြောက်ပိုင်းမြို့တော် Kharkiv ရဲ့

Read More
နိုင်ငံတကာ နိုင်ငံရေး

ထရမ့် နဲ့ ပူတင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဇလန်စကီး အသင့်ရှိ

အောက်တိုဘာ ၂၁ – ၂၀၂၅ ဟန်ဂေရီ နိုင်ငံမှာ ကျင်းပမယ့် ဒေါ်နယ် ထရမ့် နဲ့ ဗလာဒီမီယာ ပူတင် တို့ရဲ့ ထိပ်သီး အစည်းအဝေး အတွက် ဖိတ်ကြားခံရမယ်ဆိုရင် အသင့်ရှိနေ ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ပြောကြား လိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှား သမ္မတတို့ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဟန်ဂေရီ နိုင်ငံ ဘူဒါပက် မြို့မှာ လာမယ့် သီတင်ပတ် အနည်းငယ် အတွင်း တွေ့ဆုံရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ ဇလန်စကီးက “ကျွန်တော်တို့ သုံးဦး တွေ့ဆုံမယ့် ပုံစံမျိုးနဲ့ ဒါမှမဟုတ် ကြားခံ သံတမန်ရေးလို့ ခေါ်တဲ့

Read More
နိုင်ငံတကာ နိုင်ငံရေး

ယူကရိန်းဆွေးနွေးပွဲ အတွက် ပူတင်နဲ့ ဟန်ဂေရီမှာ တွေ့မယ်လို့ ထရမ့် ပြောကြား

အောက်တိုဘာ ၁၇ – ၂၀၂၅ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မနေ့က တယ်လီဖုန်း ပြောကြားရာမှာ “ကြီးမားတဲ့ တိုးတက်မှု” တွေ ရရှိ ခဲ့ပြီး၊ ဟန်ဂေရီ နိုင်ငံမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ကြဖို့ သဘောတူခဲ့ ကြောင်း ပြောကြားလိုက်ပါတယ်။ ဩဂုတ်လ လယ် နောက်ပိုင်း ပူတင်နဲ့ ပထမဆုံး အကြိမ် ပြောဆိုခဲ့တဲ့ ဒီ ဖုန်းခေါ်ဆိုမှုဟာ “အလွန်တရာ အကျိုးဖြစ်ထွန်းမှု ရှိတယ်’’ လို့ ထရမ့်က ပြောလိုက်ပြီး ဝါရှင်တန်နဲ့ မော်စကို အဖွဲ့တွေ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံကြမှာလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဟန်ဂေရီ မြို့တော် ဘူဒါပက် မှာ

Read More