နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ပြင်သစ်သမ္မတ မက်ခရွန် ကုလညီလာခံမှာ ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅အာလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်အစိုးရ အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြု ဖြစ်ကြောင်း အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အခုလို ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံရေး လှိုင်းထဲမှာ ပြင်သစ်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုကြောင်း မပြောကြားခင် သမ္မတ မက်ခရွန်က ဂါဇာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ် အနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ဆုလာဘ်ကြီးပေးတာ” ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ကြီးမားသော ဆုလာဘ်ပေးခြင်း” ဖြစ်တယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။ဆိုရှယ် လူမှုကွန်ရက်မှာ တင်ခဲ့သော ဗီဒီယိုတခုမှာ ဘင်ဂျမင် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ “ဖြစ်လာမှာမဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။ “ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်လို့ရမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ဟာ West Bank ရှိ ဂျူးအခြေချ နေထိုင်မှုတွေကို နှစ်ဆတိုးခဲ့ပြီး “ဒီလမ်းကြောင်း အတိုင်း ဆက်လက်သွားနေမယ်” လို့လည်း ဆိုပါတယ်။ နေတန်ယာဟုက အစ္စရေးဒေသမှာ သူ့အဆို “အကြမ်းဖက်နိုင်ငံကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းမှု” အပေါ်

Read More