“ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ် ရွေးချယ်မှုများ’’ ခေါင်းစဥ်နဲ့ ကန် အောက်လွှတ်တော်မှာ ဆွေးနွေး၊ မြန်မာ့အရေး ပိုမိုပြင်းထန်စွာ ဆောင်ရွက်ဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း
နိုဝင်ဘာ ၁၉ – ၂၀၂၅ မြန်မာ့ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စု မှာ အချိန်နည်းပါး လာပြီ ဖြစ်တယ်လို့ ဥပဒေပြု အမတ်တွေက အင်္ဂါနေ့က သတိပေးလိုက် ပါတယ်။ မြန်မာစစ်ကော်မရှင်က ချုပ်ကိုင်မှုကို တင်းကျပ်ထားပြီး လာမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှုကို ပိုမို အားကောင်း လာစေဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဟာ အရှေ့အာရှ ပစိဖိတ်ရေးရာ နဲ့ တောင်အာရှ အလယ်အာရှရေးရာ ကော်မတီခွဲ တွေနဲ့ ပူးတွဲကြားနာပွဲ တရပ်ကို ကျင်းပခဲ့တာ ဖြစ်ပြီး “ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ်
