နိုင်ငံရေး ပြည်တွင်း

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာအသိုင်းအဝန်းနဲ့ ထပ်မံတွေ့ဆုံ၊ ဦးခင်ရီက မဲဆွယ်တာ မဟုတ်ဘူးလို့ပြော

အောက်တိုဘာ ၅ – ၂၀၂၅ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက အနုပညာအသိုင်းအဝန်းက လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြထား ပါတယ်။ ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံမှုမှာ ဦးခင်ဦက သူ့အနေနဲ့ မဲဆွယ်တာ မဟုတ်ကြောင်း မဲဆွယ်တဲ့ ကာလ လည်း မဟုတ်သေးဘူးလို့ ပြောကြားသွားပါတယ်။ ကိုယ့်ကြိုက်တဲ့ ဘယ်ပါတီမဆို မဲပေးလို့ရတယ်လို့ သူက ဆိုပါတယ်။ အနုပညာရှင်တွေ အနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ လူငယ်တွေ လမ်းမှားမရောက်အောင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ် ပြောကြားတာလို့လည်း သူက ပြောဆိုသွားပါတယ်။

Read More
နိုင်ငံရေး ပြည်တွင်း

စစ်တပ်ကနေ ပြည်ခိုင်ဖြိုးကို အမတ်လောင်း ၅၀၀ နီးပါး ပေးပို့

စက်တင်ဘာ ၁၇ – ၂၀၂၅ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ကနေ အမတ်လောင်း ၅၀၀ နီးပါး ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အတည်မပြုနိုင်သေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေးပို့ခဲ့တဲ့ စရင်းအရ – *ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ သို့ ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောင်းရွှေ့ရမည့် အင်အား စာရင်းချုပ်* *ဗိုလ်ချုပ်ကြီး ၁ ဒုဗိုလ်ချုပ်ကြီး ၆ ဗိုလ်ချုပ် ၁၂ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး/ ဒုဗိုလ်မှူးကြီး ၃၀၀ ဗိုလ်ကြီး/ဗိုလ်မှူး ၁၁၀ အခြားအဆင့် ၆၀ (ရုံးအုပ်နှင့် တကက/စရ အပါ)* (၄၂၉ +၆၀= ၄၈၉) ဖြစ်ကြောင်း သိရပါတယ်။ နာမည်စာရင်းများ အားလုံး ပါတီဌာနချုပ်သို့ပေးပို့ပြီး

Read More