ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနုပညာအသိုင်းအဝန်းနဲ့ ထပ်မံတွေ့ဆုံ၊ ဦးခင်ရီက မဲဆွယ်တာ မဟုတ်ဘူးလို့ပြော
အောက်တိုဘာ ၅ – ၂၀၂၅ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက အနုပညာအသိုင်းအဝန်းက လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ ပြည်ခိုင်ဖြိုး ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြထား ပါတယ်။ ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံမှုမှာ ဦးခင်ဦက သူ့အနေနဲ့ မဲဆွယ်တာ မဟုတ်ကြောင်း မဲဆွယ်တဲ့ ကာလ လည်း မဟုတ်သေးဘူးလို့ ပြောကြားသွားပါတယ်။ ကိုယ့်ကြိုက်တဲ့ ဘယ်ပါတီမဆို မဲပေးလို့ရတယ်လို့ သူက ဆိုပါတယ်။ အနုပညာရှင်တွေ အနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ လူငယ်တွေ လမ်းမှားမရောက်အောင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ် ပြောကြားတာလို့လည်း သူက ပြောဆိုသွားပါတယ်။