THN Public Media Blog Sport ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပထမဆုံး အကြိမ် ၄၈ သင်းပါဝင်၊ အုပ်စု ၁၂ ခုနဲ့ အုပ်စု L က သေမင်းတမန် အုပ်စု ဖြစ်လာ
Sport

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပထမဆုံး အကြိမ် ၄၈ သင်းပါဝင်၊ အုပ်စု ၁၂ ခုနဲ့ အုပ်စု L က သေမင်းတမန် အုပ်စု ဖြစ်လာ

ဇွန် ၂ – ၂၀၂၆

လာမယ့် ဇွန် ၁၁ ရက်နေ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံ ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မှာ ပထမဆုံး အကြိမ် အဖြစ် အသင်း စုစုပေါင်း ၄၈ သင်း အထိ တိုးမြှင့် ကျင်းပတာ ဖြစ်ပါတယ်။

၄၈ သင်းကို အုပ်စု ၁၂ စု ခွဲလိုက်ရာမှာ အုပ်စု L မှာ နာမည်ကြီး ကမ္ဘာ့ အဆင့် အသင်းတွေ ဖြစ်တဲ့ အင်္ဂလန် ခရိုအေးရှား ဂါနာ နဲ့ ပနားမားတို့ ကျရောက်နေပြီး ဒီနှစ် ပြိုင်ပွဲရဲ့ “သေမင်းတမန်အုပ်စု” အဖြစ် အားလုံးက အသေအချာ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

တခြားစိတ်ဝင်စားဖွယ် အုပ်စုတွေမှာတော့ လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ဟာ အုပ်စု J မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့ နဲ့ ကျတဲ့ အတွက် အာဂျင်တီးနား အတွက် အုပ်စုချောင်တယ်လို့ ပြောနိုင်ပါတယ်။

အုပ်စု A မှာတော့ အိမ်ရှင် မက္ကဆီကို၊ တောင်အာဖရိက၊ ချက်သမ္မတ နိုင်ငံ တို့နဲ့ အတူ အာရှထိပ်သီး တောင်ကိုရီးယား အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အခုနှစ် ပြိုင်ပွဲစည်းကမ်း အသစ်အရ အုပ်စုတခုစီ ကနေ ပထမ နဲ့ ဒုတိယ ရတဲ့ ၂ သင်းစီ တက်လာမှာ ဖြစ်ပြီး တတိယရတဲ့ အထဲက အကောင်းဆုံး ၈ သင်းဟာလည်း ၃၂ သင်း ရှုံးထွက်ကို တက်လာမှာ ဖြစ်ပါတယ်။

အဲဒီနောက် ၁၆ သင်းရှုံးထွက်၊ ကွားတာ၊ ဆီးမီး နဲ့ ဖိုင်နယ် အဆင့် အထိ သွားမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲ ရောက်တဲ့ ၂ သင်းနဲ့ တတိယနေရာ လုတဲ့ ၂ သင်း တို့ဟာ အုပ်စုက စလို့ နောက်ဆုံး အထိ စုစုပေါင်း ၈ ပွဲ ကစားရမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version