ဧပြီ ၃၀ – ၂၀၂၆
ဒီကနေ့ ကျရောက်တဲ့ ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် နောက်ထပ် လွတ်ငြိမ်းခွင့် ပေးရာမှာ အကျဥ်းသား ၁၅၀၈ ဦးကို ခံဝန် နဲ့ ကျရှိတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုလုပ်ပါတယ်။
ဒါ့အပြင် ဒီကနေ့မတိုင်ခင် ပြစ်ဒဏ်ကျခံနေရသူ အားလုံး အတွက် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားသား ၁၁ ဦးကိုလည်း ၄၀၁ ခံဝန် နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
—————————
THN Public Media
