ဇွန် ၁၂ – ၂၀၂၆
ကမ္ဘာ့ဖလား ဒုတိယ နေ့မှာတော့ အိမ်ရှင် ကနေဒါ မှာ ဖွင့်ပွဲနဲ့ အတူ ဘောစနီးယား ဟာဇီကိုဂိုးဗီးနား နဲ့ ယှဥ်ပြိုင်မှာ ဖြစ်ပြီး ကစားချိန် စမှာကတော့ မြန်မာအချိန် ဇွန် ၁၃ မနက် ၁ နာရီခွဲဖြစ်ပါတယ်။
အဲဒီမတိုင်ခင် မိနစ် ၉၀ မှာတော့ ဖွင့်ပွဲ အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။
နောက်ထပ် အိမ်ရှင် အမေရိကန် မှာလည်း ဖွင့်ပွဲ ကျင်းပပြီးတာနဲ့ ပါရာဂွေး နဲ့ ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။
အမေရိကန် နဲ့ ပါရာဂွေး ကစားမယ့် အချိန်ကတော့ မြန်မာအချိန် ဇွန် ၁၃ မနက် ၇ နာရီခွဲ ဖြစ်ပြီး အဲဒီမတိုင်ခင် မိနစ် ၉၀ မှာ ဖွင့်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ကနေဒါ ပွဲကတော့ အုပ်စု B ကဖြစ်ပြီး အမေရိကန် ပွဲကတော့ အုပ်စု D က ဖြစ်ပါတယ်။
—————————
THN Public Media
–