THN Public Media Blog သတင်း နိုင်ငံရေး ဦးမင်းအောင်လှိုင် ဇွန် ၁၅ ကနေ ၁၉ အထိ တရုတ်နိုင်ငံ လာမယ်လို့ တရုတ် ပြောခွင့်ရ အတည်ပြု
နိုင်ငံရေး

ဦးမင်းအောင်လှိုင် ဇွန် ၁၅ ကနေ ၁၉ အထိ တရုတ်နိုင်ငံ လာမယ်လို့ တရုတ် ပြောခွင့်ရ အတည်ပြု

ဇွန် ၁၂ – ၂၀၂၆

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဇွန်လ ၁၅ ရက် ကနေ ၁၉ ရက်နေ့ အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lin Jian ဒီကနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်ဟာ နဲ့ ဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်သလို ဝန်ကြီးချုပ် လီကချန်း နဲ့ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ တို့ကလည်း သီးခြားစီ တွေ့ဆုံ သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုလာမယ့် ခရီးစဉ်ကို အခွင့်ကောင်းတခု အနေနဲ့ အသုံးချပြီး မြန်မာနိုင်ငံနဲ့အတူ ကျွန်တော်တို့ရဲ့ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပြန်လည်ဆန်းသစ်ဖို့၊ ဘက်စုံဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ အသိုက်အဝန်း တည်ဆောက် ရာမှာ လက်တွေ့ကျတဲ့ ရလဒ်ကောင်းတွေကို ပိုမို ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့် စောင့်စားနေပါတယ်လို့ Lin Jian က ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version