Sport

ကယန်းဖိုက်တာ ဗရော်နီကာ က အစ္စရေးဖိုက်တာ ရှီယာကိုဟန်ကို အမှတ်နဲ့ အနိုင်ရ၊ ချန်ပီယံအိပ်မက် ဆက်ရှိနေ

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆

မနေါ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လုမ္ပဏီ ကွင်းမှာ ကျင်းပတဲ့ ONE Friday Fights 143 ထိုးသတ်ပွဲစဥ်တွေထဲက ကယန်းဖိုက်တာ ဗရော်နီကာ နဲ့ အစ္စရေးဖိုက်တာ ရှီယာကိုဟန် တို့ပွဲမှာ ဗရော်နီကာ က အမှတ်နဲ့ အသာရ အနိုင်ရရှိသွားပါတယ်။

၉ မိနစ်ကြာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် ဒိုင်သုံးဦး ထဲက နှစ်ဦးက ဗရော်နီကာ ကို အမှတ်နဲ့ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ဗရော်နီကာဟာ ၃ ပွဲဆက် အနိုင်ရရှိခဲ့သလို စုစုပေါင်း အားဖြင့် ပွဲ ၃၀ နိုင်၊ ၄ ပွဲ ရှုံး နဲ့ One မှာ ချန်ပီယံ ဖြစ်ရေး အိပ်မက် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။

လာမယ့် မတ်လ ၁၃ ရက် သောကြာနေ့မှာ ကျင်းပမယ့် ONE Fight Night 41 ပွဲစဉ် ရဲ့ လက်ရှိချန်ပီယံ Allycia Hellen Rodrigues နဲ့ Phetjeeja တို့ ယှဥ်ပြိုင် ထိုးသတ်မယ့် အက်တမ်ဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံလုပွဲက အနိုင်ရသူနဲ့ ယှဉ်ပြိုင်ခွင့်ရဖို့ ဗရော်နီကာ အခွင့်အလမ်း ရှိခဲ့ပြီ ဖြစ်ပါ တယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *