ဧပြီ ၂၈ – ၂၀၂၆
KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး နာယကအဖြစ် ပါဝင်ပြီး ဥက္ကဌ ဗိုလ်ချုပ်စောချစ်သူက ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် ‘’ကရင်အမျိုးသား ငြိမ်းချမ်းရေးတည်ဆောက်မှု ကော်မတီ’’ KNPBC ကို ဖွဲ့စည်းတဲ့ ကြေညာချက် တစောင် ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာပါတယ်။
KNPBC အနေနဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးလုပ်ငန်းစဥ် ကနေ ကရင် လူမျိုးနွယ်စု အားလုံးပါဝင်တဲ့ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်မယ် လို့ ဖေါ်ပြထားပါတယ်။
စောမူတူးစေးဖိုး ပါဝင်တဲ့ နာယက အဖွဲ့ဝင် ၁၅ ဦးရှိပြီး ဗိုလ်ချုပ် စောချစ်သူ က ဥက္ကဌ နဲ့ ဒုဥက္ကဌ ၈ ဦး အပါအဝင် အတွင်းရေးမှူး အဖွဲ့ဝင် ၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။
ဒီကော်မတီမှာ KNA DKBA KNU/KNLA(PC) KPP တို့ အပါအဝင် လူမျိုးနွယ်စု ကိုယ်စားလှယ်တွေ နဲ့ ဒေသအခြေစိုက် အဖွဲ့တွေလည်း ပါဝင်ကြပါတယ်။
—————————
THN Public Media
