ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ ဟာ Nationwide Revolutionary Alliance NRA နဲ့ မည်သို့မျှ ပတ်သက်မှု မရှိကြောင်း တင်ပြချက်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
NRA ဦးဆောင်သူ ဦးသန်းစိုးနိုင်က SRA တပ်ပေါင်းစု ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အင်တာဗျူး မေးမြန်းမှုကို ဖြေကြားရာမှာ ကယန်းပြည်သစ်ပါတီ၊ ကရင်နီ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတဖွဲ့ ကလလတ တို့ကို NRA နဲ့ ပတ်သက် နေတဲ့ အဖွဲ့တွေ အဖြစ် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အခုလို ကလလ တရဲ့ ထုတ်ပြန်မှု အပေါ် NRA က ကြေညာချက် ထုတ်ပြန်ရာမှာ ဦးသန်စိုးနိုင် အနေနဲ့ အဖွဲ့အမည် တွေကို မှားယွင်းစွာ ပြောဆိုခဲ့မိကြောင်း ဒီအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ နားလည်ပေးဖို့ လေးစားစွာ အသိပေးကြောင်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media

