ပြည်တွင်း

ရွေးကောက်ပွဲစတဲ့နေ့ မန္တလေးမှာ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲမှုဖြစ် ၂ဦးဒဏ်ရာရ

မန္တလေး -ဒီဇင်ဘာ ၂၈-၂၀၂၅

ဒီဇင်ဘာ ၂၈ ရက ဒီနေ့မနက် ၁နာရီ၅မိနစ်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ ရပ်ကွက်၊ အကွက်(၁၉/ခ)၊ ၅ လမ်း၊ ၇၉×၈၀လမ်းကြားရှိ ၁၀×၄၀ ပေ၊ လူမနေ ကျောက်ပြားကာ ၁ ထပ်နေအိမ် ရှေ့အဖီအမိုးပေါ်ကို ရှော့တိုက်ဒုံးတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးယူနေသူတွေဆီကသိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဒေါ်ခင်ကြည် ပိုင်ဆိုင်တဲ့ သွပ်မိုး/သွပ်ကာ (၁)ထပ်အတွင်း အိမ်ပျော်နေသူ သား မောင်ဖြိုးကိုကို ၃၂ ကို ထိမှန်ခဲ့ရာ ညာဘက်လက်ဖျန်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ သူ့ဇနီးဖြစ်သူ မထားထားဦး ၃၈နှစ် ဘယ်ခြေကျင်းဝတ်ပြတ် ဒဏ်ရာ(စိုးရိမ်ရ)တို့ ဒဏ်ရာရရှိခဲ့လို့ အမရဌာနီအရှေ့ လူမှု ကယ်ဆယ်ရေးမော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။

အခင်းဖြစ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ လာရောက်ကြည့်ရှုပြီး ရှော့တိုက်ဒုံး ဘယ်နေရာကပစ်ခတ် တယ်ဆိုတာ စုံးစမ်းနေတယ်လို့ သိရှိရပါတယ်။

မြို့ပေါ်မှာတော့ မဲရုံတွေ မနက် ၆နာရီကစ ဖွင့်လှစ်ပြီး မဲစတင်ပေးနေပြီဖြစ်ပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေကတော့ ကင်းလှည့်နေတာတွေ့ရပြီး လမ်းသွားလမ်းလာတွေကတော့ ပုံမှန်အနေအထားတွေ့ရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *