ဥရုဂွေး ၂ : ၂ ကိတ်ဗာဒီ
ဇွန် ၂၁ – ၂၀၂၆
နာမည်ကြီး စပိန်အသင်းကို ဂိုးမရှိ သရေကန်ခဲ့တဲ့ ကိတ်ဗာဒီ ဟာ အခုလည်း ဥရုဂွေးကို ၂ ဂိုးစီနဲ့ သရေ ကစားနိုင်ခဲ့ပြီး နောက်ထပ် မှတ်တမ်းဝင်ကာ အုပ်စု H မှာ ၂ မှတ်ရနေပါတယ်။
ကိတ်ဗာဒီ ဘက်က ၂၁ မိနစ်မှာ ပြစ်ဒဏ်ဘော ကနေ အဖွင့်ဂိုးစသွင်းခဲ့တာ ဖြစ်ပြီး ဥရုဂွေး အတွက် ဖိအားတွေများ စေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဥရုဂွေး ပြန်လည်တိုက်စစ်ဆင် ထိုးဖေါက်ကစားခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာတင် ၂ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ကိတ်ဗာဒီဘက်က ကောင်တာ တချို့ ပြန်ကစား နိုင်ခဲ့ပြီး ၆၁ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့တာပါ။
ဥရုဂွေးက အနိုင်ရရေး အကြိတ်အနယ် ပြန်လည် ထိုးစစ်ဆင်ခဲ့ ပေမယ့်လည်း ဖိအားတွေများပြီး ကိတ်ဗာဒီ တို့ရဲ့ ကြံ့ကြံ့ခံ ခုခံခဲ့ တာကြောင့် ၂ ဂိုးစီ သရေနဲ့ ကျေနပ်လိုက်ရပါတယ်။
—————————
THN Public Media
