THN Public Media Blog သတင်း ပြည်တွင်း ကိုးကန့် ကျားဖျန့် ခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ ၄ ဦးကို တရုတ်က သေဒဏ်ချမှတ်
ပြည်တွင်း

ကိုးကန့် ကျားဖျန့် ခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ ၄ ဦးကို တရုတ်က သေဒဏ်ချမှတ်

နိုဝင်ဘာ ၄ – ၂၀၂၅

မြန်မာနိုင်ငံ လောက်ကိုင်က ကျားဖျန့် လိမ်လည်ဂိုဏ်း ခေါင်းဆောင် ပယ်ဆောင်ချိန် အပါအဝင် ထိပ်တန်း ခေါင်းဆောင် ၅ ဦးကို တရုတ်နိုင်ငံ ရှန်ကျန်း အလယ်အဆင့် ပြည်သူ့တရားရုံး (Shenzhen Intermediate People’s Court) ကနေ သေဒဏ်စီရင်ချက် ချမှတ်လိုက်ပါတယ်။

တရားရုံး ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားချက် အရ ပယ်မိသားစုဝင်တွေနဲ့ ဆက်စပ်သူ စုစုပေါင်း ၂၁ ဦး ကို လိမ်လည်မှု၊ လူသတ်မှု၊ ဒဏ်ရာရစေမှု အပါအဝင် တခြား ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့်ပြည်သူစစ်ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ပယ်ဆောက်ချိန်နဲ့ သူ့ရဲ့သား ပယ်ရင့်ဆန်း တို့ ၂ ဦးဟာ သေဒဏ် ချမှတ်ခံရသူ ၅ ဦးထဲမှာ ပါဝင်ပြီး ကျန် ၃ ဦး ကတော့ ကျန် ၃ ဦးမှာ Yang Liqiang၊ Hu Xiaojiang နဲ့ Chen Guangyi တို့ဖြစ်ကြပါတယ်။

ပယ် မိသားစုဝင် ကျန် ၂ ဦးကိုတော့ ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့ပြီး ၅ ဦးကို တသက်တကျွန်း ထောင်ဒဏ် နဲ့ ကျန် ၉ ဦးကို ၃ နှစ် ကနေ အနှစ် ၂၀ အထိ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

တရုတ် အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် နဲ့ မိသားစုဟာ ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေနဲ့ ကာစီနို လောင်းကစားရုံ တွေအတွက် အဆောက်အအုံ ၄၁ ခု ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ရာဇဝတ်မှု လုပ်ငန်းတွေမှာ တရုတ်ယွမ် ၂၉ ဘီလီယံကျော် (ဒေါ်လာ ၄.၁ ဘီလီယံ) ရှိခဲ့ပြီး တရုတ်နိုင်ငံသား ၆ ဦး သေဆုံးကာ၊ ၁ ဦး ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ တခြားလူအများအပြားကို ထိခိုက် ဒဏ်ရာတွေ ရရှိစေခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖေါ်ပြခဲ့ပါတယ်။

အခုလို တရုတ်က ပြစ်ဒဏ်တွေကို ပြင်းပြင်းထန်ထန် ချမှတ်တာဟာ အရှေ့တောင်အာရှက ကျယ်ပြန့်နေတဲ့ ကျားဖျန့် လိမ်လည်မှု ကွန်ရက် တွေကို အမြစ်ပြတ် ဖယ်ရှားဖို့ တရုတ်အစိုးရရဲ့ စစ်ဆင်ရေး တစိတ်တပိုင်း ဖြစ်ပြီး တခြား ရာဇဝတ်ဂိုဏ်းတွေကိုလည်း ပြင်းထန်တဲ့ သတိပေးချက် အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်က ပယ်မိသားစုကို ဖမ်းဆီးပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကျားဖျန့်ဂိုဏ်း လုပ်ဆောင်သူ မြီရှောင်ချန်း ရဲ့ မိသားစုဝင် ၁၁ ဦး ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်မှာ တရုတ်က သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။

ကိုးကန့်ပြည်သူ့စစ် အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ မြီရှောက်ချန်းကတော့ ၂၀၂၄ မှာ သူ့ကို ဖမ်း၀ရမ်းထုတ်ချိန် သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version