THN Public Media Blog သတင်း နိုင်ငံရေး ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နိုင်ငံရေး

ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဖေ‌ဖေါ်ဝါရီ ၁၄ – ၂၀၂၆

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် နဲ့ ၁၃ ရက်က ကုလသမဂ္ဂမှာ ကျင်းပတဲ့

လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း CRPH က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့ ပူးပေါင်း ကျင်းပတဲ့ ဒီကြားနာပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေးနဲ့ ဒေါ်ဖြူဖြူလွင်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။

ဒီကြားနာပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်းတက်ရောက်ခဲ့ပါတယ်။

ပထမရက်မှာ ဒေါ်မြမျိုးအေးက “Translating global commitments into national realities” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့ပြီး ဒုတိယနေ့မှာတော့ ဒေါ်မြတ်သီတာထွန်းက “Protecting democracy from within: Parliamentary safeguards, responsibilities and renewal in times of democratic erosion” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ဝင်ရောက် ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version